စစ်မှန်သော ချမ်းသာမှု

ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်မှာ“ သူဌေး တစ် ဦး တွင် ဘဏ္ဍာစိုး တစ် ယောက် ရှိ ၏ ။ ထို ဘဏ္ဍာစိုး သည် သူဌေး ၏ ဥစ္စာ ပစ္စည်း များ ကို ဖြုန်းတီး နေ ကြောင်း တိုင်ကြား သူ ရှိ သဖြင့် သူဌေး သည် ဘဏ္ဍာစိုး ကို ခေါ် ၍ ‘ သင့် အကြောင်း ငါ ကြား ရ သည့် အရာ မှာ မည်သို့ နည်း ။ သင့် ကို ဘဏ္ဍာစိုး အရာ ၌ ဆက် ၍ မ ထား နိုင် သောကြောင့် သင် ၏ စီမံ ခန့်ခွဲ မှု စာရင်း ကို တင်ပြ လော့ ’ ဟု ဆို ၏ ။ 

ထိုအခါ ဘဏ္ဍာစိုး က ‘ ငါ မည်သို့ ပြု ရ မည်နည်း ။ ငါ့ သခင် သည် ငါ့ ကို ဘဏ္ဍာစိုး အရာ မှ ဖယ်ရှား လေ ပြီ ။ ငါ သည် မြေ တူး ရန် အား မ ရှိ ။ တောင်းစား ရန် လည်း ရှက် ၏ ။ ဘဏ္ဍာစိုး အရာ မှ ငါ့ ကို ဖယ်ရှား သောအခါ လူ တို့ သည် သူ တို့ ၏ အိမ် ၌ ငါ့ ကို လက်ခံ ကြ စေရန် မည်သို့ ပြု ရ မည် ကို ငါ သိ ပြီ ’ ဟု မိမိ စိတ် ထဲ၌ ဆို လေ ၏ ။ 

ထို့နောက် မိမိ သခင် ထံ အကြွေးတင် သူ တို့ ကို တစ်ဦးစီ ခေါ် ၍ ပထမ လူ အား ‘ သင် သည် ငါ့ သခင် ထံ အကြွေး မည်မျှ ရှိ သနည်း ’ ဟု မေး လေ ၏ ။ 

ထို သူ က ‘ ဆီ အပုံး တစ်ရာ ရှိ ပါ သည် ’ ဟု ပြန် ပြော လျှင် ဘဏ္ဍာစိုး က ‘ သင် ၏ စာရင်း ကို ယူ ၍ ထိုင် ပြီး ပုံး ငါးဆယ် ဟူ၍ အမြန် ရေး လော့ ’ ဟု ဆို ၏ ။ 

တစ်ဖန် အခြား သူ တစ် ယောက် အား ‘ သင် သည် လည်း အကြွေး မည်မျှ ရှိ သနည်း ’ ဟု မေး လျှင် ထို သူ က ‘ ဂျုံဆန် အိတ် တစ်ရာ ရှိ ပါ သည် ’ ဟု ဆို ၏ ။ ဘဏ္ဍာစိုး က လည်း ‘ သင် ၏ စာရင်း ကို ယူ ၍ အိတ် ရှစ်ဆယ် ဟူ၍ ရေး လော့ ’ ဟု ဆို လေ ၏ ။

ထိုအခါ သခင် သည် မတရား သော ဘဏ္ဍာစိုး ၏ ပါးနပ် သည့် လုပ်ဆောင် မှု အတွက် သူ့ ကို ချီးမွမ်း လေ ၏ ။ အကြောင်းမူကား ဤ လောက ၏ သားသမီး များ သည် မိမိ တို့ ခေတ်ကာလ လူ တို့ နှင့် ဆက်ဆံ ရာ တွင် အလင်း ၏ သားသမီး များ ထက် လိမ္မာ ပါးနပ် ကြ ၏ ။ တစ်ဖန် သင် တို့ အား ငါ ဆို မည် ။ မတရားမှု မကင်း သော လောကီ စည်းစိမ် အားဖြင့် မိမိ တို့ အတွက် မိတ်ဆွေ များ ရ အောင် ပြု ကြ လော့ ။ သို့ပြုလျှင် ထို စည်းစိမ် များ ကုန်ဆုံး သောအခါ သူ တို့ သည် သင် တို့ ကို ထာဝရ နေထိုင်ရာ အရပ် ၌ လက်ခံ ကြ လိမ့်မည် ။

သေးငယ် သော အမှု ၌ သစ္စာရှိ သော သူ သည် ကြီး သော အမှု ၌ လည်း သစ္စာရှိ ၏ ။ သေးငယ် သော အမှု ၌ မ ဖြောင့်မတ် သော သူ သည် ကြီး သော အမှု ၌ လည်း မ ဖြောင့်မတ် ပေ ။ သို့ဖြစ်၍ သင် တို့ သည် မ ဖြောင့်မတ် သော လောကီ စည်းစိမ် ၌ သစ္စာ မ ရှိ ကြ လျှင် စစ်မှန် သော စည်းစိမ် ကို မည်သူ က သင် တို့ ၌ ယုံကြည် အပ်နှံ ထား မည်နည်း ။ သင် တို့ သည် သူတစ်ပါး ၏ ဥစ္စာ ၌ သစ္စာ မ ရှိ ကြ လျှင် မည်သူ သည် သင် တို့ ပိုင်ဆိုင် ရန် ဥစ္စာ ကို သင် တို့ အား ပေး မည်နည်း ။

မည်သည့် အစေခံ မျှ သခင် နှစ် ဦး ကို အစေခံ ၍ မ ရ နိုင် ။ အကြောင်းမူကား သူ သည် တစ် ဦး ကို မုန်း ၍ တစ် ဦး ကို ချစ် လိမ့်မည် ။ သို့မဟုတ် တစ် ဦး ကို သစ္စာစောင့် ၍ တစ် ဦး ကို မထီမဲ့မြင် ပြု လိမ့်မည် ။ သင် တို့ သည် ဘုရားသခင် နှင့် လောကီ စည်းစိမ် တို့ ကို တစ်ပြိုင်တည်း အစေခံ ၍ မ ရ နိုင် ကြ ” ​ဟု မိန့်​တော်မူ​၏။

ငွေ​ကို​တပ်မက်​သော​ဖာရိရှဲ​တို့​သည် ဤ​အရာ​အားလုံး​ကို​ကြား​လျှင် ကိုယ်တော်​ကို​ပြက်ရယ်ပြု​ကြ​၏။ သို့သော် ကိုယ်တော်​က“ သင် တို့ သည် လူ တို့ ရှေ့ ၌ မိမိတို့ကိုယ်ကို ဖြောင့်မတ် ကြောင်း ဖော်ပြ တတ် သူ များ ဖြစ် ကြ ၏ ။ သို့ရာတွင် ဘုရားသခင် သည် သင် တို့ ၏ စိတ်နှလုံး ကို သိ တော်မူ ၏ ။ လူ တို့ အမြတ်တနိုး ထား သော အရာ သည် ဘုရားသခင် ၏ ရှေ့ တော် ၌ ရွံရှာ ဖွယ် ဖြစ် ၏ ။

လုကာ၊

Posted in စာပေ, စာအုပ်များ, ဘဝ, အချစ် | Tagged , , , , , , , , | Leave a comment

တွေ့တယ်

အခွန်​ကောက်ခံ​သူ​တို့​နှင့် အပြစ်သား​အပေါင်း​တို့​သည် ကိုယ်တော်​၏​တရား​တော်​ကို​နားထောင်​ရန် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “ဤ​သူ​သည် အပြစ်သား​များ​ကို​လက်ခံ​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။  

သို့သော် ကိုယ်တော်​သည် သူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ “ သင် တို့ ထဲမှ တစ်စုံတစ်ဦး ၌ သိုး အကောင် တစ်ရာ ရှိ ပြီး ၎င်း တို့ ထဲမှ တစ် ကောင် သည် ပျောက်ဆုံး လျှင် သူ သည် ကိုးဆယ့်ကိုး ကောင် ကို တော ကန္တာရ ၌ ထား ခဲ့ ၍ ပျောက်ဆုံး သော သိုး ကို မတွေ့မချင်း လိုက်ရှာ မည် မ ဟုတ် လော ။ ထို သိုး ကို တွေ့ လျှင် သူ သည် ဝမ်းမြောက် လျက် ၎င်း ကို မိမိ ပခုံး ပေါ် တင် ၍ အိမ် သို့ ပြန်လာ ပြီးလျှင် မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် လျက် ‘ ပျောက်ဆုံး သော ငါ့ သိုး ကို ပြန် တွေ့ ပြီ ဖြစ်၍ ငါ နှင့်အတူ ဝမ်းမြောက် ကြ လော့ ’ ဟု ဆို လိမ့်မည် ။ ထိုနည်းတူ နောင်တရ စရာ မ လို သည့် ဖြောင့်မတ် သော သူ ကိုးဆယ့်ကိုး ဦး အတွက် ထက် နောင်တရ သည့် အပြစ်သား တစ် ဦး အတွက် ကောင်းကင် ဘုံ ၌ ပို၍ ကြီးမား သော ဝမ်းမြောက် ခြင်း ရှိ လိမ့်မည် ဟု သင် တို့ အား ငါ ဆို ၏ ။

ထိုမှတစ်ပါး အမျိုးသမီး တစ်ဦး ၌ ငွေ ဒင်္ဂါး ဆယ် ပြား ရှိ ပြီး ၎င်း တို့ ထဲမှ တစ် ပြား သည် ပျောက်ဆုံး လျှင် သူ သည် ဆီမီး ထွန်း ၍ အိမ် ကို လှဲကျင်း ကာ ၎င်း ကို မတွေ့မချင်း သေချာ စွာ ရှာ မည် မ ဟုတ် လော ။ ထို ဒင်္ဂါး ကို တွေ့ လျှင် သူ သည် မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် လျက် ‘ ပျောက်ဆုံး သော ငွေ ဒင်္ဂါး ကို ငါ ပြန် တွေ့ ပြီ ဖြစ်၍ ငါ နှင့်အတူ ဝမ်းမြောက် ကြ လော့ ’ ဟု ဆို လိမ့်မည် ။ ထိုနည်းတူ နောင်တရ သော အပြစ်သား တစ် ဦး အတွက် ဘုရားသခင် ၏ ကောင်းကင်တမန် များ ထဲတွင် ဝမ်းမြောက် ခြင်း ရှိ ၏ ဟု သင် တို့ အား ငါ ဆို ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

တစ်ဖန် ကိုယ်တော်​က“ လူ တစ် ဦး ၌ သား နှစ် ယောက် ရှိ ၏ ။ သားငယ် သည် ဖခင် အား ‘ အဖေ ၊ အကျွန်ုပ် ရ ထိုက် သော အမွေ ပစ္စည်း ကို ခွဲဝေ ပေး ပါ ’ ဟု ဆို သဖြင့် ဖခင် သည် သူ ၏ ဥစ္စာ ပစ္စည်း များ ကို သူ တို့ အား ခွဲဝေ ပေး လေ ၏ ။

ထို့နောက် ရက် များ မကြာမီ သားငယ် သည် မိမိ ၌ ရှိသမျှ တို့ ကို စုစည်း ပြီးလျှင် ဝေးလံ သော တိုင်းပြည် သို့ ခရီးထွက် ၍ ထို အရပ် ၌ အထိန်း အကွပ် မ ရှိ အသက်ရှင် လျက် မိမိ ၏ အမွေ ပစ္စည်း များ ကို ဖြုန်းတီး လေ ၏ ။ မိမိ ၌ ရှိသမျှ တို့ ကို အကုန် သုံးစွဲ ပြီး သောအခါ ထို ပြည် အနှံ့ တွင် ကြီးစွာ သော ငတ်မွတ် ခေါင်းပါး ခြင်း ဘေး ကျရောက် သဖြင့် သူ သည် ဆင်းရဲ နွမ်းပါး ခြင်း သို့ ရောက် လေ ၏ ။ ထိုအခါ သူ သည် ထို ပြည် မှ ပြည်သား တစ် ဦး ထံ သွားရောက် မှီခို ရာ ထို သူ သည် ဝက် တို့ ကို ထိန်းကျောင်း ရန် သူ့ ကို မိမိ လယ် သို့ စေလွှတ် လေ ၏ ။ သူ သည် ဝက် များ စား နေ သော ပဲတောင့် များ ဖြင့် မိမိ ဝမ်း ကို ဖြည့် ရန် တောင့်တ ခဲ့ ၏ ။ သို့သော် မည်သူ က မျှ သူ့ ကို စားစရာ မ ပေး ခဲ့ ချေ ။

ထိုအခါ သူ သည် အသိတရား ပြန် ရ ၍ ‘ ငါ့ အဖေ ထံ၌ အလုပ်သမား မည်မျှပင် များ စေကာမူ သူ တို့ တွင် စားစရာ ​အလျှံပယ် ရှိ ၏ ။ ငါ မူကား ဤ အရပ် ၌ အစာငတ် လျက် သေ လုမတတ် ဖြစ် နေ ရ ၏ ။ ငါ သည် ထ ၍ ငါ့ အဖေ ထံသို့ သွား ပြီး ‘ အဖေ ၊ အကျွန်ုပ် သည် ကောင်းကင် ကို လည်းကောင်း ၊ အဖေ့ ကို လည်းကောင်း ပြစ်မှား ခဲ့ ပါ ပြီ ။ အကျွန်ုပ် သည် အဖေ ၏ သား ဟူ၍ အခေါ် ခံ ရန် မ ထိုက်တန် တော့ ပါ ။ အကျွန်ုပ် ကို အဖေ ၏ အလုပ်သမား တစ် ဦး အဖြစ် ထား ပါ ’ ဟူ၍ ငါ ပြော မည် ဟု ဆို ပြီးလျှင် ထ ၍ မိမိ ဖခင် ထံသို့ ပြန်လာ လေ ၏ ။

သူ သည် အဝေး ၌ ရှိ နေ စဉ် ပင် သူ ၏ ဖခင် သည် သူ့ ကို မြင် လျှင် ကြင်နာ စိတ် ရှိ သဖြင့် ပြေး လာ ၍ သူ့ ကို ဖက် လျက် နမ်း လေ ၏ ။

သား က လည်း ‘ အဖေ ၊ အကျွန်ုပ် သည် ကောင်းကင် ကို လည်းကောင်း ၊ အဖေ့ ကို လည်းကောင်း ပြစ်မှား ခဲ့ ပါ ပြီ ။ အကျွန်ုပ် သည် အဖေ ၏ သား ဟူ၍ အခေါ် ခံ ရန် မ ထိုက်တန် တော့ ပါ ’ ဟု ဆို ၏ ။ 

သို့သော် ဖခင် သည် မိမိ အစေအပါး တို့ အား ‘ အကောင်းဆုံး သော ဝတ်လုံ ကို အမြန် ယူခဲ့ ၍ သူ့ ကို ဝတ် ပေး ကြ လော့ ။ လက် ၌ လက်စွပ် ကို စွပ် ပေး ၍ ခြေ ၌ ဖိနပ် ကို စီး စေ ကြ လော့ ။ ဆူဖြိုး သော နွားသငယ် ကို လည်း ဆွဲ လာ ၍ သတ် ကြ လော့ ။ ငါ တို့ သည် ပျော်ရွှင် စွာ စား ကြ စို့ ။ အကြောင်းမူကား ငါ ၏ ဤ သား သည် သေဆုံး ခဲ့ သော်လည်း ပြန် ရှင်လာ ပြီး ပျောက်ဆုံး ခဲ့ သော်လည်း ပြန် တွေ့ ရ ပြီ ’ ဟု ဆို လေ ၏ ။ ထို့နောက် သူ တို့ သည် ပျော်ပွဲရွှင်ပွဲ ကို အစပြု ကြ လေ ၏ ။

လယ် ၌ ရှိ သော သား ကြီး သည် ပြန်လာ ၍ အိမ် အနီး သို့ ရောက်လာ သောအခါ တီးမှုတ် သံ နှင့် ကခုန် သံ တို့ ကို ကြား ရ သဖြင့် အစေခံ တစ် ဦး ကို ခေါ် ၍ ‘ မည်သည့် အခြင်းအရာ များ ဖြစ်ပျက် နေ သနည်း ’ ဟု မေးမြန်း လေ ၏ ။ အစေခံ က လည်း ‘ သင် ၏ ညီ ပြန် ရောက်လာ ပြီ ။ သူ့ ကို ကျန်းမာ စွာ ဖြင့် ပြန် တွေ့ ရ သည့် အတွက် သင် ၏ ဖခင် သည် ဆူဖြိုး သော နွားသငယ် ကို သတ် ပါ ပြီ ’ ဟု ပြောဆို ၏ ။

ထိုအခါ သား ကြီး သည် အမျက်ထွက် ၍ အထဲသို့ မ ဝင် လို သောကြောင့် သူ ၏ ဖခင် သည် အပြင် သို့ ထွက်လာ ၍ သူ့ ကို ဖျောင်းဖျ လေ ၏ ။ သို့ရာတွင် သူ သည် ဖခင် အား ‘ အကျွန်ုပ် သည် နှစ် ပေါင်း များစွာ အဖေ့ ကို အစေခံ ၍ အဖေ ၏ အမိန့် ကို တစ်ခါမျှ မ လွန်ဆန် ခဲ့ ပါ ။ သို့သော် အကျွန်ုပ် သည် အကျွန်ုပ် ၏ မိတ်ဆွေ များ နှင့်အတူ ပျော်ရွှင် ရန် အဖေ သည် အကျွန်ုပ် အား ဆိတ် တစ် ကောင် ကို မျှ မ ပေး ဖူး ပါ ။ သို့ရာတွင် အဖေ ၏ ဥစ္စာ ပစ္စည်း များ ကို ပြည့်တန်ဆာ များ နှင့် ဖြုန်းတီး ခဲ့ သည့် အဖေ ၏ ဤ သား ပြန်လာ သောအခါ ၌ မူ သူ့ အတွက် ဆူဖြိုး သော နွားသငယ် ကို သတ် ပေး သည် တကား ’ ဟု ဆို ၏ ။ 

ဖခင် က လည်း ‘ ငါ့ သား ၊ သင် သည် ငါ နှင့်အတူ အမြဲ ရှိ နေ ၏ ။ ငါ ၏ ဥစ္စာ ရှိသမျှ သည် သင် ၏ ဥစ္စာ ဖြစ် ၏ ။ သို့သော် သင် ၏ ညီ သည် သေဆုံး ခဲ့ သော်လည်း အသက် ပြန် ရှင် ပြီး ပျောက်ဆုံး ခဲ့ သော်လည်း ပြန် တွေ့ ရ သည် ဖြစ်၍ ယခု ဝမ်းမြောက် ပျော်ရွှင် သင့် ၏ ’ ဟု ဆို လေ ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

လုကာ၊

Posted in စာပေ, စာအုပ်များ, ဘဝ, အချစ် | Tagged , , , , , , , , | Leave a comment

စိန်ခေါ်မှု

ထို့နောက် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှည့်ကြည့်​၍ ထို​သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ “ တစ်စုံတစ်ဦး သည် ငါ့ ထံသို့ လာ ၍ မိမိ ၏ မိခင် ၊ ဖခင် ၊ သား မယား နှင့် ညီအစ်ကို မောင်နှမ တို့ ကို သာမက မိမိ အသက် ကို ပင် မ မုန်း လျှင် ထို သူ သည် ငါ ၏ တပည့် မ ဖြစ် နိုင် ။ မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့ မ လိုက် သော သူ သည် ငါ ၏ တပည့် မ ဖြစ် နိုင် ။

သင် တို့ ထဲတွင် တစ်စုံတစ်ဦး သည် မျှော်စင် တစ် ခု ဆောက် လို လျှင် ပြီးစီး သည် အထိ လုံလောက် သော ငွေ ရှိ ၊ မ ရှိ ဦးစွာ ထိုင် ၍ ကုန်ကျ စရိတ် ကို မ တွက်ချက် ဘဲ နေ မည် လော ။ ထိုသို့ မ တွက်ချက် ဘဲ အုတ်မြစ် ချ ၍ အဆုံး မ သတ် နိုင် လျှင် မြင် သူ အပေါင်း တို့ သည် သူ့ ကို ပြောင်လှောင် လျက် ‘ ဤ သူ သည် စတင် တည်ဆောက် ခဲ့ သော်လည်း အဆုံး မ သတ် နိုင် ပါ တကား ’ ဟု ဆို ကြ လိမ့်မည် ။

ထိုမှတစ်ပါး မည်သည့် ဘုရင် သည် အခြား ဘုရင် တစ် ပါး နှင့် စစ်တိုက် ရန် ချီတက် မည် ပြု စဉ် စစ်သည် နှစ်သောင်း နှင့် ချီတက် လာ သော အခြား တစ်ဖက် ကို စစ်သည် တစ်သောင်း ဖြင့် ရင်ဆိုင် ၍ ရ ၊ မရ ဦးစွာ ထိုင် လျက် မ သုံးသပ် ဘဲ နေ မည်နည်း ။ ရင်ဆိုင် ၍ မ ရ နိုင် ပါက အခြား ဘုရင် သည် အဝေး ၌ ရှိ နေ စဉ် သံတမန် ကို စေလွှတ် ၍ စစ်ပြေငြိမ်း ရေး အတွက် စကား ကမ်းလှမ်း ရ ပေ လိမ့်မည် ။  ထိုနည်းတူ သင် တို့ အားလုံး သည် လည်း မိမိ ဥစ္စာ ပစ္စည်း ရှိသမျှ တို့ ကို မ စွန့်ခွာ နိုင် လျှင် ငါ ၏ တပည့် မ ဖြစ် နိုင် ။

ဆား သည် ကောင်း ၏ ။ သို့သော် ဆား သည် အငန် ဓာတ် ကင်းမဲ့ သွား လျှင် ၎င်း ကို မည်သည့် အရာ ဖြင့် အရသာ ပြန် ရှိ စေ မည်နည်း ။ မြေကြီး အတွက် ဖြစ်စေ ၊ မြေသြဇာ အတွက် ဖြစ်စေ အသုံး မ ဝင် တော့ သဖြင့် ၎င်း ကို အပြင် သို့ ပစ် လိုက် တတ် ကြ ၏ ။ ကြား စရာ နား ရှိ သော သူ သည် ကြား ပါစေ ” ​ဟု မိန့်​တော်မူ​၏။

လုကာ၊

Posted in စာပေ, စာအုပ်များ, ဘဝ, အချစ် | Tagged , , , , , , | Leave a comment

အရာအားလုံးအဆင်သင့်ဖြစ်နေပါပြီ

တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။ ကိုယ်တော်​၏​ရှေ့၌ ရေဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။ ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား“ ဥပုသ်နေ့ ၌ အနာရောဂါ ကို ငြိမ်း စေ ခြင်း သည် တရား တော် နှင့် ညီ သလော ၊ သို့မဟုတ် မ ညီ သလော ” ​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​ကို ခေါ်​၍ အနာရောဂါ​ပျောက်ကင်း​စေ​ပြီးလျှင် ပြန်လွှတ်​တော်မူ​၏။

ထို့နောက် ထို​သူ​တို့​အား“ သင် တို့ တွင် မိမိ သား ၊ သို့မဟုတ် နွား သည် ဥပုသ် နေ့ ၌ ရေတွင်း ထဲသို့ ကျ ခဲ့ လျှင် မည်သူ သည် ချက်ချင်း မ ဆွဲတင် ဘဲ နေ မည်နည်း ” ​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဤ​အရာ​များ​နှင့်​ပတ်သက်​ပြီး တုံ့ပြန်​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။

ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် အထူး​နေရာ​များ​ရွေးချယ်​နေ​ကြ​ပုံ​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ “ တစ်စုံတစ်ယောက် သည် သင့် ကို မင်္ဂလာဆောင် ပွဲ သို့ ဖိတ်ခေါ် သောအခါ အထူး နေရာ ၌ မ ထိုင် ​နှင့် ။ သူ သည် သင့် ထက် ဂုဏ်သရေ ရှိ သော သူ ကို ဖိတ် ထား ကောင်း ဖိတ် ထား လိမ့်မည် ။ ထိုအခါ သင် တို့ နှစ်ဦး စလုံး ကို ဖိတ်ခေါ် ထား သော သူ သည် သင့် ထံသို့ လာ ၍ ‘ သင့် နေရာ ကို ဤ သူ အား ပေး လိုက် ပါ ’ ဟု ဆို လျှင် သင် သည် အရှက်ရ လျက် နောက်ဆုံး နေရာ ကို ယူ ရ လိမ့်မည် ။ ထို့ကြောင့် ဖိတ်ခေါ် ခြင်း ခံရ သောအခါ နောက်ဆုံး နေရာ ၌ သွား ၍ ထိုင် လော့ ။ သို့ပြုလျှင် သင့် ကို ဖိတ်ခေါ် ထား သော သူ သည် လာ ၍ ‘ မိတ်ဆွေ ရှေ့သို့ ကြွ ပါ ’ ဟု သင့် အား ဆို လိမ့်မည် ။ ထိုအခါ သင် သည် သင် နှင့်အတူ ထိုင် နေ သော သူ အားလုံး တို့ ရှေ့ ၌ ဂုဏ်သရေ ရှိ လိမ့်မည် ။ အကြောင်းမူကား မိမိကိုယ်ကို ချီးမြှောက် သော သူ တိုင်း သည် နှိမ့်ချ ခြင်း ကို ခံရ ၍ မိမိကိုယ်ကို နှိမ့်ချ သော သူ သည် ချီးမြှောက် ခြင်း ကို ခံရ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

ထို့နောက် ကိုယ်တော်​သည် မိမိ​ကို​ဖိတ်ခေါ်​ထား​သော​သူ​အား“ သင် သည် ဧည့်ခံပွဲ ၊ သို့မဟုတ် ညစာ စားပွဲ ကို ကျင်းပ သောအခါ သင် ၏ မိတ်ဆွေ များ ၊ ညီအစ်ကို များ ၊ ဆွေမျိုး များ နှင့် ချမ်းသာ သော အိမ်နီးချင်း များ ကို မ ဖိတ် နှင့် ။ ထိုသို့ ဖိတ် လျှင် သူ တို့ သည် လည်း သင့် ကို ပြန် ဖိတ် ၍ ကျေးဇူး တုံ့ပြန် ကြ လိမ့်မည် ။သို့သော် ဧည့်ခံပွဲ ကျင်းပ သောအခါ ဆင်းရဲသား များ ၊ အင်္ဂါ ချို့တဲ့ သူ များ ၊ ခြေ မသန်စွမ်း သူ များ နှင့် မျက်မမြင် များ ကို ဖိတ်ခေါ် လော့ ။ သို့ပြုလျှင် သူ တို့ သည် သင့် အား ကျေးဇူး မ တုံ့ပြန် နိုင် ကြ သောကြောင့် သင် သည် မင်္ဂလာရှိ လိမ့်မည် ။ ဖြောင့်မတ် သော သူ တို့ ၏ ရှင်ပြန် ထမြောက် ရာ ကာလ ၌ သင် သည် ကျေးဇူး တုံ့ပြန် ခြင်း ကို အမှန်ပင် ခံရ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

ကိုယ်တော်​နှင့်အတူ​ထိုင်​နေ​သော​သူ​တစ်​ဦး​သည် ထို​စကား​တော်​တို့​ကို​ကြား​လျှင် “ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်​ပွဲ​၌​ပါဝင် ​ရ​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု လျှောက်​လေ​၏။ 

ကိုယ်တော်​က​လည်း“ လူ တစ် ဦး သည် ညစာ စားပွဲ ကြီး တစ် ခု ကို ပြင်ဆင် လျက် လူ များစွာ တို့ ကို ဖိတ်ခေါ် ထား ၏ ။ 

ပွဲ အချိန် ရောက် သောအခါ ဖိတ်ခေါ် ထား သူ များ ထံသို့ မိမိ အစေအပါး ကို စေလွှတ် လျက် ‘ ယခု အဆင်သင့် ဖြစ် ပြီ ဖြစ်၍ ကြွ ကြ ပါ ’ ဟု ပြောကြား စေ ၏ ။

ထိုအခါ အားလုံး တို့ သည် မ လာ နိုင် ကြောင်း တညီတညွတ်တည်း ဆင်ခြေ ပေး ကြ ၏ ။ ပထမ လူ က ‘ အကျွန်ုပ် သည် လယ် တစ် ကွက် ဝယ် ထား သည် ဖြစ်၍ ထို လယ် ကို မဖြစ်မနေ သွား ကြည့် ရ ပါ မည် ။ အကျွန်ုပ် ကို ခွင့်လွှတ် ရန် တောင်းပန် ပါ သည် ’ ဟု ဆို လေ ၏ ။ 

အခြား တစ် ဦး က လည်း ‘ အကျွန်ုပ် သည် နွား ငါး ရှဉ်း ကို ဝယ် ထား သည် ဖြစ်၍ ထို နွား တို့ ကို စမ်းသပ် ရန် သွား ရ တော့မည် ။ အကျွန်ုပ် ကို ခွင့်လွှတ် ရန် တောင်းပန် ပါ သည် ’ ဟု ဆို လေ ၏ ။ 

နောက် တစ် ဦး က လည်း ‘ အကျွန်ုပ် သည် မိန်းမ နှင့် ထိမ်းမြား စုံဖက် ပြီ ဖြစ်၍ မ လာ နိုင် ပါ ’ ဟု ဆို ၏ ။

အစေအပါး သည် ပြန်လာ ၍ ထို အကြောင်းအရာ များ ကို မိမိ သခင် အား ကြားလျှောက် လေ ၏ ။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍ မိမိ အစေအပါး အား ‘ မြို့ ထဲ ရှိ လမ်းမ ၊ လမ်းကြား များ ထဲသို့ အမြန် သွား ၍ ဆင်းရဲသား များ ၊ အင်္ဂါ ချို့တဲ့ သူ များ ၊ ခြေ မသန်စွမ်း သူ များ နှင့် မျက်မမြင် များ ကို ဤ နေရာ သို့ ခေါ် ခဲ့ လော့ ’ ဟု ဆို ၏ ။ 

ထို့နောက် အစေအပါး က ‘ သခင် ၊ သခင် စေခိုင်း သည့် အတိုင်း ဆောင်ရွက် ပြီး ပါ ပြီ ။ သို့သော် နေရာ ရှိ ပါ သေး ၏ ’ ဟု လျှောက် လေ ၏ ။

သခင် က လည်း ‘ ခရီး သွား လမ်းမ များ နှင့် တော လမ်းကြား များ သို့ သွား ၍ ငါ့ အိမ် ပြည့် အောင် လူ တို့ ကို မရမက ခေါ် ခဲ့ လော့ ။ သင် တို့ အား ငါ ဆို သည် ကား ယခင် ဖိတ်ခေါ် ထား သူ တို့ ထဲမှ မည်သူ မျှ ငါ ၏ ညစာ စားပွဲ ကို မြည်းစမ်း ရ မည် မ ဟုတ် ’ ဟု အစေအပါး အား ဆို လေ ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

လုကာ၊

Posted in စာပေ, စာအုပ်များ, ဘဝ, အချစ် | Tagged , , , , , , , , , | Leave a comment